ရုရှား အဆိုကို ဘန်ကီမွန်း ထောက်ခံ

  • 9 စက်တင်ဘာ 2013
_ban_ki_moon
Image caption ဘန်ကီမွန်းလည်း ရုရှား အဆိုကို သဘောကျ

ရုရှား နိုင်ငံက ဆီးရီးယားရဲ့ ဓာတု လက်နက် တွေကို နိုင်ငံတကာရဲ့ ထိန်းချုပ်မှု အောက်မှာ ထားရှိဖို့ အစီအစဉ် နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထောက်ခံတဲ့ အကြောင်း ပြောလိုက်ပါတယ်။

ဒါပေမယ့် ဒီအစီအစဉ် နဲ့ပတ်သက်လို့လည်း ဆီးရီးယား ဘက်က လိုလိုလားလား လက်ခံဖို့ လိုအပ် တယ်လို့လည်း မစ္စတာဘန်က ပြောပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရန့် ဖာဗျူစ် ကတော့ ဒီရုရှား ရဲ့ အဆိုကို သေသေချာချာ အသေးစိတ် လေ့လာ သင့်တယ်လို့ ပြောပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကတော့ အခုလို ဆီးရီးယား ရဲ့ ဓာတုလက်နက် တွေကို အသုံးမပြု နိုင်အောင် ထိန်းချုပ် ဖို့ လုပ်မယ် ဆိုတာကတော့ ကြီးမားတဲ့ ခြေလှမ်း တရပ် ဖြစ်တယ် ဒါပေမယ့် ဒီလို လုပ်တာက အာရုံလွှဲဖို့ ကြိုးစားတဲ့ ပရိယာယ် မဖြစ် စေဖို့လည်း ဂရုစိုက်ဖို့ လိုတယ်လို့ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ