ဒေလီက အုပ်စုဖွဲ့ မုဒိမ်းမှု စီရင်ချက်ချ

  • 10 စက်တင်ဘာ 2013
Image caption မုဒိမ်းမှုအတွက် ဥပဒေသစ် ပြဋ္ဌာန်းပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြသူများ

အိန္ဒိယနိုင်ငံ ဒေလီမြို့က ဘတ်စ်ကားပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆေးကျောင်းသူ တစ်ဦး ကို ဝိုင်းပြီး မုဒိမ်းကျင့် လူသတ်ခဲ့မှုနဲ့ တရားစွဲခံ ထားရတဲ့ အမျိုးသား ၄ ဦးကို အိန္ဒိယ တရားရုံး တစ်ခုက အပြစ်ရှိကြောင်း စီရင်ချက် ချလိုက် ပါတယ်။

အဲဒီ တရားခံ ၄ ယောက်ကို တရားရုံးကနေ ဘယ်လို အပြစ်ဒဏ် ချမှတ်မယ် ဆိုတာကတော့ မနက်ဖြန်မှာ သိရမယ်လို့ မျှော်လင့်ရပါတယ်။ သူတို့ဟာ သေဒဏ်အထိ ကျခံနိုင်ရဖို့ ရှိနေပါတယ်။

တရားခံတွေရဲ့ ရှေ့နေတွကတော့ အယူခံတင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ မုဒိမ်းမှု ဖြစ်ခဲ့တုန်းက အိန္ဒိယ နိုင်ငံတလွှား အကြမ်းဖက် ဆန္ဒပြမှုတွေ ရက်အတော်ကြာ ဖြစ်ပွားခဲ့ကာ၊ မုဒိမ်းမှုအတွက် ဥပဒေသစ်တွေ ပြဋ္ဌာန်းဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

၂၃ နှစ်အရွယ် ဆေးကျောင်းသူကို ဘတ်စ်ကားပေါ်မှာ စော်ကားခဲ့တာ ဖြစ်ပြီး၊ နောက်ပိုင်းမှာ အဲဒီ ကျောင်းသူဟာ မတရားပြုကျင့်ခံရတဲ့ ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။