ဖိလစ်ပိုင်မှာ အစိုးရတပ်နဲ့ မွတ်ဆလင်သူပုန် တိုက်ပွဲဆက်

  • 10 စက်တင်ဘာ 2013
Image caption တနင်္လာနေ့က ပစ်ခတ်မှုတွေမှာ အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဇန်ဘိုယန်ဂါ ဆိပ်ကမ်းမြို့ တစိတ်တပိုင်းကို မွတ်ဆလင် သူပုန်တွေကနေ သိမ်းယူထားရာ အစိုးရကနေ ပြန်ထိန်းနိုင်ဖို့အတွက် နောက်ထပ် တိုက်ခိုက် ရေး တပ်ဖွဲ့ဝင်တွေနဲ့ ရဲအဖွဲ့ဝင်တွေကို လေယာဉ်နဲ့ ပို့ဆောင်လိုက်ပါပြီ။

သူပုန် ၁၀၀ ကျော်ဟာ ပင်လယ်ပြင်ဘက်ကနေ အဲဒီမြို့ကို ရောက်ရှိလာပြီး၊ ကမ်းခြေတစ်လျှောက် ရပ်ကွက်တွေကို သိမ်းယူထားတာ ဖြစ်ပါတယ်။ အခုတော့ တိုက်ပွဲတွေဟာ ဒုတိယနေ့အဖြစ် ဆက်လက်ဖြစ်ပွားနေပါတယ်။

သူပုန်တွေဟာ ဒေသခံတွေကို ဓားစာခံအဖြစ် ဖမ်းပြီး လူသားဒိုင်းအနေနဲ့ အကာအကွယ်လုပ်နေတယ်လို့ အစိုးရဘက်က စွပ်စွဲလိုက်ပါတယ်။

ဒီသူပုန်တွေဟာ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းကို မွတ်ဆလင် နိုင်ငံတစ်ခုအဖြစ် တည်တောင်ဖို့ တောင်းဆိုနေတဲ့ မိုရို အမျိုးသား လွတ်မြောက်ရေး တပ်ဦးက တပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

အစိုးရနဲ့ တခြား အဖွဲ့ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပြုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။