HIV ရောဂါပိုး ကာကွယ်နိုင်တဲ့ ဆေး တွေ့တော့မှာလား

  • 12 စက်တင်ဘာ 2013
Image caption HIV နဲ့ အလားတူတဲ့ SIV ရောဂါပိုးက HIV ပိုးထက် ၁၀ ဆ အန္တရာယ် ပိုများ

အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သိပ္ပံပညာရှင်တွေက HIV နဲ့ အလားတူတဲ့ ရောဂါပိုး တမျိုး ဖြစ်တဲ့ SIV ရောဂါပိုးကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတမျိုးကို မျောက်တွေမှာ စမ်းသပ်ကြည့်ခဲ့ရာမှာ ထိရောက်မှု ရှိတာ တွေ့ရပါတယ်။

ကာကွယ်ဆေးထိုးခဲ့တဲ့ မျောက်တွေထဲက တဝက်လောက်ဟာ ရောဂါ ကူးစက်မခံရဘူးလို့ Nature ဆေးသိပ္ပံ ဂျာနယ်ထဲမှာ ဖေါ်ပြထားပါတယ်။

အခုအခါ လူတွေမှာ စမ်းသပ်နိုင်မယ့် ကာကွယ်ဆေးမျိုးကို သိပ္ပံပညာရှင်တွေ ဖန်တီး ထုတ်လုပ် လိုက်နိုင်ပြီ ဖြစ်ပါတယ်။

လုံခြုံစိတ်ချမှု ရှိအောင် စမ်းသပ်မှုတွေ အရင်ဆုံး လုပ်ရအုံးမှာ ဖြစ်ပေမယ့် လာမယ့် ၂နှစ်အတွင်း ဒီကာကွယ်ဆေးကို လူတွေမှာ စမ်းသပ် ထိုးကြည့်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။