ဖိလစ်ပိုင် အစိုးရတပ်နဲ့ မွတ်ဆလင်သူပုန် တိုက်ပွဲ ၃ရက် ဆက်

  • 11 စက်တင်ဘာ 2013
Image caption အစိုးရတပ်တွေက မြို့လယ်မှာ နေရာယူထားတဲ့ သူပုန်တွေကို ဝိုင်းထား

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဇမ်ဘိုယန်ဂါ ဆိပ်ကမ်းမြို့မှာ အစိုးရ တပ်ဖွဲ့တွေနဲ့ မူဆလင် သူပုန်တွေအကြား တိုက်ခိုက်မှုတွေဟာ ၃ ရက် ရှိသွားပြီ ဖြစ်ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဟာ မြို့ ကနေ ထွက်ပြေးလာခဲ့ကြပါတယ်။

အစိုးရတပ်ဖွဲ့တွေဟာ ခန့်မှန်းခြေ ၁၈၀ လောက်ရှိမယ့် မွတ်ဆလင် သူပုန်တွေကို ဝိုင်းထားကြပါတယ်။

သူပုန်တွေဟာ မြို့ထဲက လူနေရပ်ကွက်တွေမှာ နေရာယူထားကြတာ ဖြစ်ပါတယ်။

အဲဒီမြို့ကို သွားတဲ့ လေယာဉ်ခရီးစဉ်တွေနဲ့ ကူးတို့ သင်္ဘော သွားလာမှုတွေကို ရပ်နားထားပြီး၊ ကျောင်းတွေ ရုံးတွေကိုလည်း ပိတ်ထားပါတယ်။

သူပုန်တွေဘက်ကတော့ နိုင်ငံတကာကနေ ကြားဝင် စေ့စပ်ပေးပါလို့ တောင်းဆိုနေပါတယ်။

သူတို့ဟာ မိုရို အမျိုးသား လွတ်မြောက်ရေး တပ်ဦး MNLF က ခွဲထွက်လာကြတဲ့ သူပုန်တွေ ဖြစ်ကြပြီး၊ MNLF ဟာလည်း အစိုးရနဲ့ တခြား ပြိုင်ဘက် မွတ်ဆလင် သူပုန်အဖွဲ့တခုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မှာ မပါဝင်ပဲ နေနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။