အင်ဒိုမှာ သတ်ဖြတ်ခဲ့မှု ဒတ်ချ် တောင်းပန်

  • 12 စက်တင်ဘာ 2013
Image caption ဒတ်ချ် သံအမတ်ကြီးက ယခင် သတ်ဖြတ်မှုတွေအတွက် ဂျကာတာမှာ တောင်းပန်

တချိန်က သူတို့ရဲ့ ကိုလိုနီ ဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံမှာ ၁၉၄၉ ခုနှစ် လွတ်လပ်ရေး မရခင်တုန်းက ဒတ်ချ် တပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ အတွက် နယ်သာလန်က တရားဝင် လူသိရှင်ကြား တောင်းပန်လိုက်ပါတယ်။

ဂျကာတာ မြို့တော်မှာ ပြောကြားရာမှာ အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ ဒတ်ချ် သံအမတ်ကြီးက သူ့စကားအရ အလွန်အကျူး သတ်ဖြတ်မှု တွေအတွက် တောင်းပန် ခဲ့ပါတယ်။

အဲဒီတုန်းက ရည်ရွယ်ပြီး ရက်စက် ကြမ်းကြုတ်စွာနဲ့ ထောင်သောင်းချီတဲ့ လူတွေကို သတ်ဖြတ်ခဲ့မှုအပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒတ်ချ် အစိုးရက အရင်တုန်းကလည်း တောင်းပန်ခဲ့ပြီး တချို့ ဖြစ်ရပ်တွေအတွက် လျော်ကြေး ပေးခဲ့ပေမယ့် ဒီသတ်ဖြတ်မှုတွေ အတွက် ဘယ်စစ်သားကိုမှ အရေးယူတာ မရှိခဲ့ပါဘူး။