ရုရှား အစီအစဉ် ဆီးရီးယားသူပုန် ပယ်ချ

  • 12 စက်တင်ဘာ 2013
Image caption ဆီးရီးယား သူပုန် Free Syrian Army အဖွဲ့

ဆီးရီးယား အစိုးရရဲ့ ဓါတုလက်နက်တွေကို နိုင်ငံတကာ ထိန်းချုပ်မှုအောက်မှာ ထားမယ် ဆိုတဲ့ ရုရှားရဲ့ အစီအစဉ်ကို သူပုန်အဖွဲ့ ဖြစ်တဲ့ Free Syrian Army က ပြတ်ပြတ်သားသား ပယ်ချ လိုက်ပါတယ်။

အနောက်နိုင်ငံတွေက အဓိက ကျောထောက် နောက်ခံ ပေးထားတဲ့ ဒီအဖွဲ့က သူတို့ရဲ့ ကြေညာချက် ဗီဒီယိုကို အင်တာနက်ပေါ်မှာ တင်ထားတာ ဖြစ်ပါတယ်။

တူရကီ ဝန်ကြီးချုပ် ရာဂျစ် တေရပ် အာဒိုဝမ် ကတော့ ဆီးရီးယား အစိုးရဟာ ဓါတုလက်နက် ဆိုင်ရာ ကိစ္စတွေမှာ ကတိတည်ပါ့မလား ဆိုတာ သံသယ ဖြစ်မိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆီးရီးယား အစိုးရဟာ အချိန်ဆွဲထားပြီး သူ့အဆိုအရ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ထပ်ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။