ဗြိတိန်မင်းသား ဝီလီယံ စစ်တပ်မှ အနားယူမယ်

  • 12 စက်တင်ဘာ 2013
Image caption ကယ်ဆယ်ရေး ရဟတ်ယာဉ်မောင်းအဖြစ် တွေ့ရတဲ့ မင်းသား ဝီလီယံ

ဗြိတိန်မှာ တော်ဝင်မင်းသား ဝီလီယံဟာ စစ်တပ်မှာ ခုနှစ်နှစ်ကြာ ထမ်းဆောင်ခဲ့ပြီး တဲ့နောက် စစ်ဆင်ရေး တာဝန်တွေကနေ အနားယူတော့မယ်လို့ ဆိုပါတယ်။

ထီးနန်းဆက်ခံဖို့ ဒုတိယ နေရာမှာ ရှိနေတဲ့ ကင်းဘရစ်ချ် မြို့စားဟာ transitional year လို့ခေါ်တဲ့ အပြောင်းအရွေ့နှစ် အတွင်းမှာ လူထု ဝန်ဆောင်မှု လုပ်ငန်း အများအပြားထဲက ဘာကို ရွေးချယ် လုပ်ဆောင်မလဲ ဆိုတာကို စဉ်းစားနေတယ်လို့ Kensington နန်းတော်က အရာရှိတွေက ပြောပါတယ်။

တရားဝင် အခမ်းအနားတွေ တက်ရတဲ့ အလုပ်တွေ တိုးလာမှာကို သူ့အနေနဲ့ မျှော်လင့်မထားပေမယ့် လူမှုကူညီရေး အလုပ်တွေ အထူးသဖြင့် သဘာဝ ပတ်ဝန်းကျင်နဲ့ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းတွေကို တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။