စရိတ်သက်သာ အာကာသဒုံးပျံ ဂျပန်လွှတ်တင်

  • 14 စက်တင်ဘာ 2013
Image caption ဂျပန်အနေနဲ့ ၁၂ နှစ် အတွင်း ဒုံးပျံ အသစ် တစင်း ကို ပထမဆုံး လွှတ်တင် နိုင်ခဲ့တာ ဖြစ်

ဂျပန်နိုင်ငံ အာကာသ လေ့လာရေး အေဂျင်ဆီ ဂျာဆာ ကနေ ကုန်ကျ စရိတ် သက်သာတဲ့ ပထမဆုံး မျိုးဆက်သစ် အာကာသ ဒုံးပျံယာဉ် တစင်း ကို အာကာသထဲ အောင်မြင်စွာ လွှတ်တင် လိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ ဂျပန် အနေနဲ့ ၁၂ နှစ် အတွင်း ဒုံးပျံ အသစ် တစင်းကို ပထမဆုံး လွှတ်တင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

အက်ပ်စီလွန် လို့ အမည့် ပေးထားတဲ့ ဒီဒုံးပျံဟာ အရင် ဒုံးပျံတွေနဲ့ စာရင် အရွယ် အစား ကလည်း တဝက်လောက်ပဲ ရှိတာကြောင့် အာကာသထဲ ဂြိုဟ်တု လွှတ်တင် တဲ့ အခါ ဒီပုံစံ အတိုင်း ဆိုရင် ကုန်ကျ စာရိတ် သက်သာပြီး ပိုအကျိုး ရှိမယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဒီဒုံးပျံဟာ ဂြိုလ်တွေကို လေ့လာဖို့ အဝေးကြည့်မှန်ပြောင်း တခုကို သယ်ဆောင် သွားတာ ဖြစ်ပါတယ်။

အခုလို စရိတ် သက်သာ ဒုံးပျံလွှ တ်တင် နိုင်မှုဟာ ကြီးထွား လာနေတဲ့ နိုင်ငံ တကာ ဂြိုဟ်တု လွှတ်တင်ရေး လုပ်ငန်းကို ထိန်းချုပ် နိုင်ရေး ဂျပန် တို့ရဲ့ မျှော်လင့်ချက် ကို ပိုမို အားတက် စေခဲ့ပါတယ်။

အာကာသယာဉ် လွှတ်တင်မှုကို တချိန်က အမေရိကန် ကနေ လက်ဝါးကြီး အုပ်ထား ရာကနေ အခု အချိန် မှာတော့ ဥရောပ က လွှမ်းမိုး ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်နဲ့ အိန္ဒိယ တို့ကလည်း တခြား ပုံစံတွေနဲ့ ကမ်းလှမ်း နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ