အီတလီ နိုင်ငံရေး တည်ငြိမ်စေဖို့ ဝန်ကြီးချုပ် ပန်ကြား

  • 15 စက်တင်ဘာ 2013
Image caption အီတလီ ဝန်ကြီးချုပ် Enrico Letta

အီတလီမှာ ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလစ်ကိုနီကို ပါလီမန် ထဲကနေ ထုတ်ပစ်မလား ဆိုတဲ့ အပေါ် မဲခွဲ ဆုံးဖြတ်မှု မတိုင်ခင် နိုင်ငံရေး တည်ငြိမ်မှု ရှိစေဖို့ လက်ရှိ ဝန်ကြီးချုပ် အန်ရီကို လက်တာက ပန်ကြားလိုက်ပါတယ်။

အဲဒီလို မဲခွဲဆုံးဖြတ်မှုကြောင့် ညွှန့်ပေါင်း အစိုးရ အတွင်း အကွဲအပြဲတွေ ဖြစ်မယ့် အန္တရယ် ကြုံရနိုင်တာ ဖြစ်ပါတယ်။

မစ္စတာ ဘာလစ်ကိုနီကို အခွန်ရှောင်မှုနဲ့ အပြစ်ပေးမလား ဆိုတာကို လာမယ့် ဗုဒ္ဓဟူး နေ့မှာ ဆီးနိတ် လွှတ်တော်ထဲက ခုံရုံး အဖွဲ့အတွင်းမှာ မဲခွဲမှာ ဖြစ်ပါတယ်။

တကယ်လို့ မစ္စတာ လက်တာရဲ့ ပါတီက သူကိုဖယ်ရှားပစ်ဖို့ မဲပေးခဲ့ရင် အစိုးရ အဖွဲ့ထဲကနေ သူ့ပါတီကို ထုတ်ပစ်ပြီး အခြေအနေ ယိမ်းယိုင် သွားအောင် လုပ်ပစ်မယ်လို့ မစ္စတာ ဘာလစ်ကိုနီက ပြောပါတယ်။

အီတလီ စီးပွားရေး ပြန်လည်နိုးထလာချိန်မှာ အခုလို ဒုက္ခရောက်စေမယ့် အခြေအနေမျိုးဖြစ်အောင် မစ္စတာ ဘာလစ်ကိုနီက မလုပ်လောက်ဖူးလို့ သူထင်ကြောင်း မစ္စတာ လက်တာက ပြောပါတယ်။