ဖိလစ်ပိုင် သူပုန်ကို စစ်တပ်က ဝိုင်းထား

  • 15 စက်တင်ဘာ 2013
philippines
Image caption ပစ်ခတ်မှုရှိနေသေးပေမဲ့ အစိုးရက ထိန်းချုပ်ထားပြီလို့ဆို

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဇန်ဘိုး အန်ဂါ မြို့ရှိ သူပုန် သိမ်းပိုက်ထားတဲ့ နေရာတွေကို ဝိုင်းပတ်ထားမိပြီလို့ ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။ သူပုန်နဲ့ အစိုးရ တပတ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အတွက် ဒီနေရာကနေ လူပေါင်း ၇ သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ဘီဘီစီ အရှေ့တောင် အာရှ သတင်းထောက်ကတော့ ဇန်ဘိုး အန်ဂါမှာ အပြန်အလှန် ပစ်ခတ်သံတွေကို ကြားနေရတုန်းပဲလို့ ဆိုပါတယ်။ တိုက်ပွဲကြောင့် စုစုပေါင်း လူပေါင်း ၆၅ ယောက် နီးပါး သေဆုံးခဲ့ရပြီလည်း ဖြစ်ပါတယ်။

သူတို့ အများစုဟာ မိုရို အမျိုးသား လွတ်မြောက်ရေး တပ်ဦးက သူပုန်တွေ ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။ သမ္မတ ဘယ်နစ်ဂ် နို အာကွီနို ရော ဒုသမ္မတ ရော နှစ်ဦးစလုံးဟာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဖို့အတွက် စနေနေ့တုန်းက တိုက်ပွဲ ဖြစ်ပွားရာဒေသကို သွားရောက်ခဲ့ကြပါတယ်။