ဆီးရီးယား အရေး သံတမန်ရေး ဆောင်ရွက်

  • 15 စက်တင်ဘာ 2013
syria
Image caption သံတမန်အရေး ဆွေးနွေး

အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားတို့ သဘော တူညီ ထားကြတဲ့ ဆီးရီးယား နိုင်ငံရဲ့ ဓါတုလက်နက်တွေ ကုလသမဂ္ဂ ကြီးကြပ်မှုနဲ့ ရွှေ့ပြောင်း ဖျက်သိမ်းရေး အစီအစဉ်ကို နိုင်ငံတကာ အတည်ပြုချက် ရယူနိုင်ဖို့ သံတမန်ရေး ကြိုးစားအားထုတ်မှုတွေ ပြုလုပ် နေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ အစ္စရေးနိုင်ငံကို သွားပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ရာဟုကို သွားဆွေးနွေးပါတယ်။ မစ္စတာ နက်တန်ရာဟုဟာ ဒီအစီအစဉ်အပေါ်မှာ သတိကြီးကြီးထား တုန့်ပြန်ခဲ့သူ တယောက်ဖြစ်ပါတယ်။

တရုတ် ၊ ပြင်သစ်နဲ့ ဂျပန်တို့ကတော့ ဆီးရီးယားနိုင်ငံဖက်က ဓါတုလက်နက် စာရင်းကို တပတ်အတွင်း တင်ပြပြီး နိုင်ငံတကာက လာရောက်စစ်ဆေးသူတွေ ကိုလည်း လက်ခံရမယ်ဆိုတဲ့ အစီအစဉ်ကို ကြိုဆိုကြပါတယ်။

ဆီးရီးယား အတိုက်အခံ ညွန့်ပေါင်း အဖွဲ့ကတော့ တိုက်ချင်းပစ် ဒုံး အသုံးပြုမှုနဲ့ ကျေးလက်ဒေသတွေမှာ လေယာဉ်အသုံးပြုတိုက်ခိုက်မှုကိုပါ တားဆီး ပိတ်ပင်ဖို့ တောင်းဆိုထားပါတယ်။