ဆီးရီးယားကို သံတမန်ရေး ဆက်ဖိအားပေးနေ

  • 16 စက်တင်ဘာ 2013
အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေး
Image caption အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေး

အမေရိကန်နဲ့ ရုရှားတို့ရဲ့ သဘောတူညီချက်ဟာ စစ်ဖြစ်မယ့် အလားလာကို ဖယ်ရှားနိုင်လို့ အောင်မြင်မှု ဖြစ်တယ်လို့ ဆီးရီးယား ပြန်လည် သင့်မြတ်ရေး ဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် အမေရိကန် အစိုးရဖက်က ကြည့်ရင် အာဆတ် အစိုးရပေါ်မှာ ဖိအား ဆက်ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အစ္စရေး ရောက်စဉ် ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတင် ညာဟုက အခုသဘောတူချက်ကို သတိနဲ့ ကြိုဆိုလိုက်ပြီး ရရှိတဲ့ အဖြေပေါ်မူတည် ဆုံးဖြတ်မယ်လို့ ပြောပါတယ်။ အခု ဆီးရီးယား ဓါတု လက်နက် ပြဿနာနဲ့ အီရန် နျူးကလီယား ပြဿနာကို နာတင်ညာဟုက နှိုင်းယှဉ်ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက သူ့ရဲ့ဆီးရီးယား မူဝါဒကို ကာကွယ်နေစဉ်မှာဘဲ အီရန်က အခုကိစ္စမှာ သံတမန်နည်း ထွက်ပေါက်နဲ့လည်းဖြေရှင်းလို့ရတယ်ဆိုတာ သင်ခန်းစာယူသင့်တယ်လို့ ပြောသွားပါတယ်။

ဆီးရီးယား ကိစ္စဖြေရှင်းဖို့ သံတမန်ရေးကြိုးပမ်းမှုအဖြစ် ပြင်သစ်နဲ့ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဂျွန်ကယ်ရီ ပဲရစ်မှာ ဒီကနေ့ တင်္နလာနေ့ တွေ့ဖို့ရှိပါတယ်။

အခုဆို အမေရိကန်နဲ့ ရုရှားတို့ကြီးမားတဲ့ သဘောကွဲမှုကို ကျော်လွှားနိုင်ပေမယ့် ဒီသဘောတူညီချက်ကို ဘယ်လို ဆက်အကောင်အထည် ဖေါ်မလဲဆိုတဲ့ စိန်ခေါ်မှုနဲ့ ကြုံနေရကြောင်း ဘီဘီစီ ကမ္ဘာ့ရေးရာ သတင်းထောက် Nick Childsက သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ