JP Morgan ဒေါ်လာ သန်း ၉၂၀ ဒဏ်ထိ

  • 19 စက်တင်ဘာ 2013
jp_morgan
Image caption ဒဏ်ထိသွားတဲ့ JP Morgan

အမေရိကန် ပြည်ထောင်စု နဲ့ ဗြိတိန်က ဘဏ္ဍာရေး ဆိုင်ရာ စည်းကမ်း ထိန်းသိမ်း သူတွေက အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ် အကြီးစားကြီး ဖြစ်တဲ့ ဂျေပီ မော်ဂန်ကို ဒေါ်လာ သန်းပေါင်း ၉၂၀ ဒဏ်တပ် လိုက်ပါတယ်။

လန်ဒန်မြို့က ဝေလငါးလို့ ခေါ်တဲ့ အရောင်းအဝယ် သမားကြောင့် ဘဏ်ကြီးမှာ ဒေါ်လာ သန်းပေါင်း ၆၀၀၀ လောက် အရှုံး ပြခဲ့ရတဲ့ အတွက် ပဲ ဖြစ်ပါတယ်။

အဲဒီအတွက် ဘဏ်ဘက်ကလည်း ဒီ ဒဏ်ကြေးကို ပေးဆောင်ဖို့ ကတိပေးထားပြီး ဖြစ်ပါတယ်။

ဒီအရောင်းအဝယ် သမား ဘရူနို အစ်ဆေးလ် ကို လန်ဒန် ဝေလငါးလို့ ခေါ်တာကတော့ သူဟာ ပမာဏများတဲ့ ငွေကြေး အသွင်းအထုတ် အပြောင်းအရွေ့တွေ လုပ်ဖို့ အားသန်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုက ဘဏ္ဍာရေး စည်းကမ်း ထိန်းသိမ်း သူတွေကတော့ ဂျေပီ မော်ဂန်ရဲ့ စာရင်း ဇယားတွေနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ သူတွေဟာ တော်တော် အားနည်း ခဲ့တယ်လို့ ဆိုပါတယ်။

ဗြိတိန်ဘက်က စည်းကမ်း ထိန်းသိမ်းသူတွေကတော့ ဘဏ်ရဲ့ ပေါ့လျော့ ခဲ့မှု တွေဟာ အင်မတန်မှ စိုးရိမ်စရာ ကောင်းတဲ့ အကြောင်းပြောပါတယ်။