Nintendo ဂိမ်းကုမ္ပဏီ ထူထောင်သူ ကွယ်လွန်

  • 19 စက်တင်ဘာ 2013
Image caption နစ်တန်းဒိုး ထူထောင်သူ ဟီရိုရှီ ယာမာအူချီ

ကမ္ဘာကျော် နစ်တန်းဒိုး Nintendo ဂိမ်း ကုမ္ပဏီ ထူထောင်သူ ဂျပန် စီးပွားရေး လုပ်ငန်း ရှင်ကြီး ဟီရိုရှီ ယာမာအူချီ ဟာ အသက် ၈၅ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။

သူဟာ ၁၉၄၉ ခုနှစ် ကစလို့ ရာစုနှစ်ဝက်ကျော် နီးပါး ဒီလုပ်ငန်းကို ဦးဆောင်ခဲ့တာဖြစ်ပြီး၊ ကုမ္ပဏီ အသေးစားလေး ကနေ ဒစ်ဂျစ်တယ် နည်းပညာ ခေတ်သစ်မှာ အောင်မြင်တဲ့ ဗီဒီယိုဂိမ်း ကစားနည်းတွေကို တီထွင် ဖန်တီး ပေးခဲ့တဲ့ ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်လာအောင် ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ယာမာအူချီဟာ နစ်တန်းဒိုး ဂိမ်းစက်ကို ပထမဆုံး တီထွင်ကာ နစ်တန်းဒိုး အမှတ်တံဆိပ်ကို ဗီဒီယိုဂိမ်း လောကမှာ ရှေ့ရောက်အောင် လုပ်ဆောင်ပေးခဲ့တယ်၊ အထူးသဖြင့် Gameboy နဲ့ Nintendo DS ဂိမ်းစက်တွေက အောင်မြင်ခဲ့တယ်လို့ ဝေဖန် သုံးသပ်သူတွေက ပြောပါတယ်။