ဆီးရီးယား တိုက်ခိုက်မှု လူ ၉ ဦးသေ

  • 19 စက်တင်ဘာ 2013
Image caption အယ်လ်ဝိုက် မျိုးနွယ်ဝင် ဆီးရီးယား သမ္မတ အာဆတ်

ဆီးရီးယား နိုင်ငံ Homs မြို့နဲ့ Alawite မွတ်ဆလင်တွေ နေထိုင်တဲ့ ရွာတွေကြားက လမ်းပေါ်မှာ ဘတ်စ်ကား တစ်စင်း တိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး လူကိုးယောက် သေဆုံးသွားပါတယ်။

အစိုးရ သတင်းအေဂျင်စီ အပြောအရ လမ်းပေါ်မှာ ဖောက်ခွဲရေးပစ္စည်းကို ထောင်ပြီး ဒီဘတ်စ်ကားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ဒေသမှာပဲ နောက် ဘတ်စ်ကား တစ်စင်းကိုလည်း ဒုံးကျည်နဲ့ ပစ်ပြီး တိုက်ခိုက်ခံခဲ့တာကြောင့် ကားမောင်းသမား သေဆုံးသွားတယ်လို့ သိရပါတယ်။

ဆီးရီးယား သမ္မတ ဘတ်ရှား အယ် အာဆတ်ဟာ Alawite အုပ်စုဝင် တစ်ယောက် ဖြစ်ပြီး သူ့ကို အဓိက ထောက်ခံသူတွေကလည်း အဲဒီ အယ်လ်ဝိုက် အမျိုးနွယ်ဝင်တွေ ဖြစ်ပါတယ်။