ဆီးရီးယား အရေး ဆုံးဖြတ်နိုင်ဖို့ ဂျွန် ကယ်ရီပြော

  • 19 စက်တင်ဘာ 2013
kerry
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ ဆီးရီးယား အရေးကိစ္စနဲ့ ပတ်သက်လို့ လာမယ့် သတင်းပတ် အတွင်းမှာ ဆုံးဖြတ်ချက် တခု ချနိုင်အောင် လုပ်ရမယ်လို့ ပြောလိုက်ပါတယ်။

သူက ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်က ဖြစ်ခဲ့တဲ့ ဓာတု လက်နက်သုံး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်းတွေ့ရှိ ချက်တွေဟာ အငြင်းပွားစရာ မလိုအောင်ကို ခိုင်မာတဲ့အကြောင်းနဲ့ အခုကိစ္စ အတွက် သူပုန်တွေမှာ တာဝန် ရှိတယ်လို့ ပြောတာကလည်း ယုတ္တိ မရှိတဲ့ အကြောင်း ပြောပါတယ်။

မစ္စတာ ကယ်ရီက အချိန်က တိုတောင်းတဲ့ အတွက် အားလုံး သိပြီးတဲ့ ကိစ္စ အပေါ်မှာ ငြင်းခုန် မနေကြဖို့နဲ့ ကမ္ဘာက စောင့်ကြည့်နေတဲ့ ဒီဓာတုလက်နက် ဖျက်သိမ်းရေး ကိစ္စ အတွက် စစ်ရေး မပါဘဲ ငြိမ်းချမ်းစွာ ဖော်ဆောင်နိုင်ဖို့ လုပ်ရမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး သူက ဆီးရီးယား ရဲ့ ဓာတု လက်နက် တွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ထိန်းချုပ် ဖျက်သိမ်း နိုင်ရေးဟာ ဖြစ်နိုင်တဲ့ အကြောင်း ဒါပေမယ့် ပြီးခဲ့တဲ့ ဂျနီဗာ သဘောတူညီ ချက်အတိုင်း ကုလသမဂ္ဂ ဘက်က လိုက်ပါ ဆောင်ရွက်မှသာ ဒါဖြစ်နိုင်မယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ