ဆီးရီးယား အစိုးရ အပစ်ရပ်လို

  • 19 စက်တင်ဘာ 2013
Qadri Jamil
Image caption ဆီးရီးယား ဒုဝန်ကြီးချုပ် Qadri Jamil

ဆီးရီးယား ဒုတိယ ဝန်ကြီးချုပ်က ဆီးရီးယား ပြည်တွင်းစစ်ဟာ ရှေ့မတိုး နောက်မဆုတ် နိုင်တဲ့ အခြေအနေကို ရောက်နေပြီ ဖြစ်လို့ အစိုးရ အနေနဲ့ အပစ်ရပ်ရေး ကမ်းလှမ်းဖို့ အသင့် ဖြစ်နေပြီလို့ ဗြိတိသျှ သတင်းစာ တစောင်ကို ပြောပါတယ်။

ဗြိတိန်က သတင်းစာကြီး တစောင်ဖြစ်တဲ့ the Guardian သတင်းစာကို ဒုတိယ ဝန်ကြီးချုပ် ကွာဒရီ ဂျမေးလ်က ပြောကြား ရာမှာ အစိုးရ တပ်တွေရော သူပုန်တပ်တွေပါ တဘက်ကို တဘက်က နိုင်အောင် တိုက်နိုင်တဲ့ အခြေအနေမှာ မရှိတဲ့ အကြောင်း ပြောပါတယ်။

သူက နောက်လုပ်သွားမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ ပြည်ပက ဝင်ရောက် စွက်ဖက်တာတွေ ပြီးဆုံး သွားရေးနဲ့ အပစ်အခတ် ရပ်စဲရေးတွေ ရရှိနိုင်ဖို့ သူကြိုးစား သွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သမ္မတ ဘာရှာ အဲလ် အာဆတ်ဒ် အနေနဲ့ကတော့ အာဏာကို စွန့်လွှတ် သွားမှာ မဟုတ်တဲ့ အကြောင်းနဲ့ သူ့အစိုးရရဲ့ တိုးတက်တဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ် တွေကို အကောင်အထည် ဖော်နိုင်ရေး အတွက် ခွင့်ပေးဖို့ ကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆို လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ