အီရတ် ဗုံးကွဲမှု ၂ ခု၊ လူ ၁၅ ဦးသေ

  • 20 စက်တင်ဘာ 2013
Image caption ဗုံးပေါက်ကွဲမှုတစ်ခု မြင်ကွင်း

အီရတ်နိုင်ငံ ဆန်မာရာမြို့ အနီး ဆူနီဗလီ တစ်ခုမှာ ဗုံးပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့တဲ့ အတွက် အနည်းဆုံး လူ ၁၅ ဦး သေဆုံးသွား တယ်လို့ အီရတ်က လာတဲ့ သတင်းတွေအရ သိရပါတယ်။

သောကြာနေ့ ဝတ်ပြုမှုတွေ အတွင်း နေ့လည်ချိန် လောက်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာလို့ ဒေသန္တရ အရာရှိတွေက ပြောပါတယ်။

မကြာသေးခင်က အီရတ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဖောက်ခွဲ တိုက်ခိုက်မှု အများစုဟာ ရှီယာ မွတ်ဆလင်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပြီး၊ ဆူနီ အသိုင်းအဝိုင်းက တိုက်ခိုက်ခံရတာကတော့ အင်မတန် နည်းပါတယ်။

ဒီတိုက်ခိုက်မှု အများအပြားကို အဲလ်ခိုင်ဒါးနဲ့ ဆက်စပ်နေတဲ့ ဂျီဟတ် ဝါဒီတွေက လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

အခုနှစ် ဧပြီ လဆန်းပိုင်းကစလို့ အီရတ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄ ထောင်ကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။