လျှို့ဝှက်သိမ်းထားတဲ့ ဓါတု လက်နက်ပစ္စည်းတွေ တင်ပြဖို့ မျှော်လင့်နေ

Image caption ဓါတု လက်နက် ပစ္စည်းတွေ

ဆီးရီးယားက တင်ပြလာတဲ့ အဆိပ်ဓါတ်ငွေ့နဲ့ အာရုံကြော ထိခိုက်စေတဲ့ ပစ္စည်းတွေ ပါတဲ့ သူတို့ရဲ့ ဓါတု လက်နက်စာရင်းကို အသေးစိတ် လေ့လာ နေတယ်လို့ နိုင်ငံတကာ ဓါတု လက်နက် လေ့လာ စောင့်ကြည့်ရေး အဖွဲ့ OPCW က ပြောပါတယ်။

ဒီနေ့ စနေနေ့ နောက်ဆုံး သတ်မှတ်ရက် မတိုင်ခင် ဆီးရီးယား အစိုးရ အနေနဲ့ လျှို့ဝှက်ထားတဲ့ ဓါတုလက်နက်တွေ ၊ ဓါတု အဆိပ်သင့် ပစ္စည်းတွေနဲ့ သိုလှောင် ၊ ထုတ်လုပ် ၊ သုတေသန ပြုတဲ့ နေရာတွေ အကုန်လုံးရဲ့ အသေးစိတ်တွေ ထပ်မံ တင်ပြလာဖို့ မျှော်လင့်တယ်လို့ OPCW က ဆိုပါတယ်။

ဆီးရီးယားမှာ ဓါတု အဆိပ်သင့် ပစ္စည်းတွေ တန်ချိန် တထောင်လောက် ရှိတယ်လို့ ယူဆနေကြပါတယ်။

တချိန်တည်းမှာ ကုလသမဂ္ဂမှာလည်း လက်နက် ဖျက်သိမ်းရေး အစီအစဉ်နဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီရဲ့ အဆိုပြုချက်ကို ဆက်လက် ဆွေးနွေး နေကြောင်း သိရပါတယ်။