ဆီးရီးယား သူပုန် ၂ ဖွဲ့ အပစ်ရစ်

  • 20 စက်တင်ဘာ 2013
Image caption အနောက်နိုင်ငံတွေက ထောက်ခံပေးထားတဲ့ ဖရီး ဆီးရီးယား အာမီ သူပုန်အချို့။

ဆီးရီးယား နိုင်ငံ မြောက်ဘက် အဇက် မြို့ မှာ အချင်းချင်း တိုက်ခိုက်နေကြတဲ့ ဆီးရီးယား သူပုန်အဖွဲ့ နှစ်ဖွဲ့ဟာ အခုတော့ အပစ်အခတ် ရပ်စဲဖို့ သဘောတူ လိုက်ကြပြီ ဖြစ်ပါတယ်။

အီရတ်နဲ့ ဆီးရီးယား အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့ ဆိုတဲ့ အဲလ်ခိုင်ဒါးနဲ့ ဆက်စပ်မှုရှိတဲ့ သူပုန်အဖွဲ့ဟာ အနောက်နိုင်ငံတွေက ထောက်ခံမှုပေးထားတဲ့ ဖရီး ဆီးရီးယား အာမီနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက် ဗုဒ္ဓဟူးနေ့တုန်းက အဲဒီမြို့ကို သိမ်းယူထားတာ ဖြစ်ပါတယ်။

အဲဒီနှစ်ဖွဲ့ဟာ အကျဉ်းသား အလှယ်အလယ်လုပ်ပြီး၊ ပစ္စည်းတွေကိုလည်း ပြန်ပေးဖို့ သဘောတူခဲ့ကြတယ်လို့ ဆီးရီးယားနဲ့ တူရကီ နယ်ခြားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။

နောက်ပြီး အဲဒီမြို့က ရှာယီရာ တရားရုံးရဲ့ အဆုံးအဖြတ်ကိုလည်း နှစ်ဘက်စလုံးက လက်ခံကြတယ်လို့ ဆိုပါတယ်။

အခုလို အပစ်ရပ်လိုက်တာဟာ ဆီးရီးယား တခြားဒေသတွေက သူပုန် အုပ်စုတွေ အကြား တိုက်ခိုက်မှုတွေ အပေါ် သက်ရောက်မှု ရှိမရှိ ဆိုတာကတော့ သိပ်ရှင်းလင်းမှု မရှိဘူးလို့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။