အင်အားပြင်း တိုင်ဖုန်း ဖိလစ်ပိုင်နဲ့ တိုင်ဝမ်ကို ဝင်နိုင်

  • 20 စက်တင်ဘာ 2013
Image caption လေတိုက်နှုန်း တစ်နာရီ မိုင် ၁၁၀ နှုန်း တိုက်ခတ်နိုင်

တိုင်ဝမ်နဲ့ ဖိလစ်ပိုင် အရှေ့ဘက် ပင်လယ်ပြင်မှာ ဖြစ်ပွားနေတဲ့ ၂၀၁၃ ခုနှစ်အတွက် အင်အား အပြင်းဆုံးလို့ ယူဆနိုင်မယ့် အူဆာဂီ တိုင်ဖုန်း မုန်တိုင်းဟာ ဖိလစ်ပိုင်နဲ့ တိုင်ဝမ်တို့ကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသ ပညာရှင် တွေက ခန့်မှန်းထား ပါတယ်။

ကုန်တွင်းပိုင်းကိုတော့ ဒီ သတင်းပတ်အကုန်မှာ ဝင်ရောက်တဲ့အခါ တရုတ်နိုင်ငံကို ဖြတ်ကျော်မယ်လို့ ခန့်မှန်းရပါတယ်။

အာဏာပိုင်တွေကတော့ သတိပေးချက်တွေ ထုတ်ပြန်ထားပြီး လှေတွေ အနေနဲ့လည်း သတိထား သွားကြဖို့ ကြေညာထားပါတယ်။

တိုင်ဝမ်ရဲ့အရှေ့တောင်ဘက် မိုင် ၃၅၀ အကွာ ပင်လယ်ပြင်နဲ့ ဖိလစ်ပိုင်က ဆိုရင် မြောက်ဘက် ၂၂၅ မိုင်အကွာ ပင်လယ်ပြင်ဘက်မှာ စတင်ခဲ့ကြောင်း မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

လေတိုက်နှုန်း တစ်နာရီ မိုင် ၁၁၀ နှုန်းရှိတဲ့ အူဆာဂီ မုန်တိုင်းဟာ သောကြာနေ့ အစောပိုင်းမှာ ပိုမို အားကောင်းလာခဲ့ပြီလို့ ဖိလစ်ပိုင် အစိုးရ မိုးလေဝသ အေဂျင်စီက ပြောပါတယ်။