ယီမင် တိုက်ခိုက်မှု ၄၀ ကျော် သေဆုံး

  • 20 စက်တင်ဘာ 2013
Image caption ယီမင် စစ်သား ၄၀ ကျော် သေ

ယီမင်နိုင်ငံ တောင်ပိုင်းမှာ အဲလ်ခိုင်ဒါ စစ်သွေးကြွတွေလို့ ယူဆရသူတွေကနေ လုံခြုံရေး တပ်ဖွဲ့တွေကို အသေအချာ စီမံ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ စစ်သားနဲ့ ရဲသား အတော်များများ သေဆုံးသွားခဲ့ပါတယ်။

တိုက်ခိုက်မှု တစ်ခုမှာ ဆိုရင် စစ်သွေးကြွတွေကနေ အဲဒီဒေသက ရေနံတွင်း လုံခြုံရေး တာဝန် ယူထားတဲ့ စစ်တပ် စခန်းတစ်ခုကို ကားဗုံး နှစ်လုံးခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ စစ်သား ၃၈ ဦး သေဆုံးသွားခဲ့ပါတယ်။

နောက်ထပ် တိုက်ခိုက်မှု တစ်ခုကတော့ သေနတ်သမားတွေကနေ မေဖာ မြို့က စစ်ဌာနချုပ်ကို ဝိုင်းပစ်ခဲ့တာ ဖြစ်ပြီး အဲဒီမှာတော့ အနည်းဆုံး လူ ၈ ဦးလောက် သေဆုံးသွားခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကို မနက် အာရုံတက်ချိန် မြူတွေ အရမ်းဆိုင်းနေချိန်မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။