ဘိုရှီလိုင်ကို ထောင်တသက် ချမှတ်လိုက်ပြီ

  • 22 စက်တင်ဘာ 2013
Image caption Bo Xilai ကို ပြစ်ဒဏ်ချပြီ

တရုတ် နိုင်ငံမှာ တရားစွဲ ခံထားရတဲ့ ထိပ်တန်း နိုင်ငံရေး သမားဟောင်းနဲ့ ပေါလစ်ဗျူရို အဖွဲ့ဝင်ဟောင်း ဘိုရှီလိုင် ကို Jinan မြို့က တရားရုံးက စီရင်ချက် ချခဲ့ပါတယ်။

အဂတိ လိုက်စားမှု ၊ လာဘ်ပေးလာဘ်ယူမှု ၊ အာဏာ အလွဲသုံးစားမှုတွေနဲ့ ဘိုရှီလိုင်ကို ထောင်တသက် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

မစ္စတာ ဘိုရှီလိုင် ဟာ သူ့ရဲ့ Social Policy တွေကြောင့် ဒေသခံတွေရဲ့ ထောက်ခံအားပေးမှု အများအပြားရကာ လူသိထင်ရှား ဖြစ်လာသူ တဦး ဖြစ်ပါတယ်။

သူဟာ ချုံချင်း ပြည်နယ်ဆိုင်ရာ ကွန်မြူနစ် ပါတီ အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

သူ့ဇနီး ဖြစ်သူ ဂူကိုင်လိုင် ကိုလည်း ဗြိတိသျှ လုပ်ငန်းရှင် စီးပွားရေး သမားတယောက်ကို ပြီးခဲ့တဲ့ နှစ်နှစ်လောက် တုန်းက သတ်ဖြတ်ခဲ့မှုနဲ့ မကြာသေးခင်တုန်းကမှ ပြစ်ဒဏ်ချ ခံခဲ့ရတာ ဖြစ်ပါတယ်။