နိုင်ရိုဘီ ပစ်ခတ်မှု လူ ၂၀ ထက်မနည်း သေဆုံး

  • 21 စက်တင်ဘာ 2013
Image caption တခြား လူပေါင်း ၅၀ ကျော်လည်း ထိခိုက် ဒဏ်ရာ ရရှိသွားကြ ပါတယ်။

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီ က အဆင့်မြင့် လူကုံထံ ကုန်တိုက် တခု ထဲကို သေနတ် သမားတွေ ဝင်ရောက် ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂၀ လောက် သေဆုံးသွား ပါတယ်။

တခြား လူပေါင်း ၅၀ ကျော်လည်း ထိခိုက် ဒဏ်ရာ ရရှိသွားကြ ပါတယ်။

အဲဒီ ကုန်တိုက် ထဲကို အနက်ရောင် ဝတ်ဆင် ထားတဲ့၊ မျက်နှာဖုံးစွပ် သေနတ် သမားတွေ ဝင်စီးခဲ့ပြီး ၂ နာရီ လောက်ကြာသည် အထိ သေနတ်သံ တွေကို ကြိုကြား ကြိုကြား ကြားနေ ခဲ့ရ ပါတယ်။

ဒါဟာ အကြမ်းဖက် တိုက်ခိုက်တဲ့ လုပ်ရပ်ဖြစ်နိုင် တယ်လို့ ကင်ညာ ထိပ်တန်း ရဲအရာရှိ တဦးက ပြောပါတယ်။

အခု အချိန် အထိ ဘယ်သူတွေရဲ့ လက်ချက် ဆိုတာ မသိရသေး ပေမယ့် ဆိုမာလီ စစ်သွေးကြွ အုပ်စုဖြစ်တဲ့ အဲလ်ရှာဘတ် အဖွဲ့ကနေ ဒီ ကုန်တိုက်ကို တိုက်ခိုက် မယ် ဆိုပြီး အရင်က ခြိမ်းခြောက် ခဲ့ဖူး ပါတယ်။ အကြောင်း ကတော့ ဆိုမာလီက စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ ကင်ညာနိုင်ငံ ကနေ ဆိုမာလီကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ တာကြောင့် ဖြစ်ပါတယ်။

စစ်ရဟတ်ယာဉ် တစင်းနဲ့ သံချပ်ကာ ကား တစီးလည်း အဲဒီ အခင်းဖြစ်တဲ့ နေရာကို ရောက်ရှိ လာပြီ ဖြစ်ပြီး၊ စစ်တပ်က လက်ဖြောင့် တပ်သားတွေနဲ့ အတူ လုံခြုံရေး တပ်ဖွဲ့တွေဟာ ကုန်တိုက်ကို ဝိုင်းထားကြပါပြီ။

မျက်မြင် သက်သေတွေ ပြောတာ ကတော့ ဓားစာခံ အဖြစ် အဖမ်းခံရ သူတွေ ရှိနေတယ်လို့ ဆိုပေမယ့် အတည်တော့ မပြုနိုင်သေးပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ