ခရစ်ယာန်ဘုရားကျောင်းကို အသေခံဗုံးခွဲ

  • 22 စက်တင်ဘာ 2013
church
Image caption အသေခံဗုံးခွဲမှု လူ ၆၀ သေဆုံး

ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့က ခရစ်ယာန် ဘုရားကျောင်းတကျောင်းမှာ အသေခံတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၆၀ သေဆုံးခဲ့ပါတယ်။ နောက်ထပ် အယောက် ၁၀၀ ကျော်လည်း ဒဏ်ရာရခဲ့ကြတယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

ဘုရားကျောင်းမှာ လူပေါင်း ၆၀၀ လောက်ရှိတဲ့အချိန်မှာ ပေါက်ကွဲမှု နှစ် ခုဖြစ်ပွားခဲ့တာပါ။

မျက်မြင်သက်သေ တယောက်ကတော့ လုံခြုံရေး ပေါ့ဆမှုကြောင့် အခုလို ဖြစ်ရတာလို့ ဒေါသတကြီး ပြစ်တင် ပြောဆိုပါတယ်။

သေဆုံးသူတွေထဲမှာ မိန်းမနဲ့ ကလေးတွေလည်း ပါဝင်ပြီး ဝမ်းနည်းကြေကွဲနေကြတဲ့ ကျန်ရစ်သူ ဆွေမျိုးမိသားစုတွေဟာ ကိုယ်နဲ့သက်ဆိုင်သူတွေရဲ့ အလောင်းကို ဘုရားရှိခိုးကျောင်းထဲမှာ ဝင်ရောက် ရှာဖွေနေကြပါတယ်။

အရင်တုန်းကတော့ အခုလို ပါကစ္စတန်မှာ ခရစ်ယာန်လူနည်းစုတွေအပေါ်တိုက်ခိုက်မှုတွေဟာ အစ္စလာမ် လက်နက်ကိုင်တွေရဲ့ လက်ချက်လို့ စွပ်စွဲခံရလေ့ရှိပါတယ်။