အူဆာဂီ တိုင်ဖုန်း တရုတ်ကို ဝင်၊ ၂၅ဦးသေ

  • 23 စက်တင်ဘာ 2013
Image caption တစ်နာရီ ၆၅ ကီလိုမီတာနှုန်း တိုက်ခတ်

အာရှဒေသမှာ နှစ်ပေါင်း ၃၀ အတွင်း အင်အားအပြင်းဆုံးဖြစ်တဲ့ အူဆာဂီ တိုင်ဖုန်း မုန်တိုင်းဟာ တရုတ်နိုင်ငံ တောင်ဘက် ဒေသတွေကို ဝင်ရောက် တိုက်ခတ်နေပြီ ဖြစ်ပါတယ်။

ဂွမ်ဒေါင်း ပြည်နယ်ကို ဖြတ်ကျော် တိုက်ခိုက်သွား ခဲ့တာကြောင့် လူပေါင်း အနည်းဆုံး ၂၅ ဦး သေဆုံး သွားပြီလို့ တရုတ်နိုင်ငံပိုင် မီဒီယာကနေ ကြေညာသွားပါတယ်။

လေတိုက်နှုန်းကတော့ တစ်နာရီကို ၆၅ ကီလိုမီတာ နှုန်းတဲ့ ဝင်ရောက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်အားပေး မီးတိုင်တွေ၊ သစ်ပင်တွေလည်း လဲကျကုန်ပြီး လမ်းတွေ၊ အိမ်တွေလည်း ထိခိုက် ပျက်စီးကုန်ပါတယ်။

နောက်ထပ် ရေကြီးမှုတွေ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့လည်း မိုးလေဝသ ဌာနက သတိပေး ချက်ထုတ်ပြန်ထားပါတယ်။

ဟောင်ကောင်မှာတော့ လေယာဉ် ခရီးစဉ်တွေ ပြန်စနေပြီ ဖြစ်ပြီး၊ အစုရှယ်ယာ စျေးကွက်လည်း နောက်ပိုင်းမှာ ပြန်ဖွင့်ခဲ့ပြီး ဖြစ်ပါတယ်။