ကင်ညာ ဒုသမ္မတကို ICC က ပြန်ခွင့်ပြု

  • 23 စက်တင်ဘာ 2013
Image caption ICC တရားခွင်မှာ တွေ့ရတဲ့ ကင်ညာ ဒုသမ္မတ ဝီလျံ ရူတို

ကင်ညာ နိုင်ငံမှာ ဓားစာခံတွေ ဖမ်းဆီးခံထား ရတဲ့ အကျပ်အတည်းကို ကူညီ ဖြေရှင်းနိုင်ဖို့ အတွက် နယ်သာလန် နိုင်ငံ ဟိတ်မြို့က နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး အိုင်စီစီမှာ အမှု ရင်ဆိုင်နေရတဲ့ ကင်ညာ ဒုတိယ သမ္မတ ဝီလျံ ရူတိုကို တရားသူကြီးတွေ ကနေ တစ်ပတ်ကြာ သူ့နိုင်ငံကို ပြန်ခွင့်ပြု လိုက်ပြီး အမှုကိုလည်း ရက်ချိန်း ပြန်ပေးလိုက်ပါတယ်။

မစ္စတာ ရူတိုဟာ ၂၀၀၇ ခုနှစ် ကင်ညာ ရွေးကောက်ပွဲအပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး လူသားမျိုးနွယ်အပေါ် လူမဆန်စွာ သတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲခံနေရတာ ဖြစ်ပါတယ်။

အရေးပေါ် ကြားနား စစ်ဆေးမှု တစ်ခုပြုလုပ်ပြီး အခုလို တရားရုံး ကနေ မစ္စတာ ရူတိုကို ကင်ညာ နိုင်ငံ ပြန်သွားဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

တရားလို ရှေ့နေတွေကလည်း ဒီအမှု ခေတ္တခဏ ကြန့်ကြာမှု ရှိမှာကို ဘာမှ ကန့်ကွက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။