Westgate Mall ရဲ့ နေရာ တော်တော်များများကို စစ်တပ်က ထိန်းချုပ်နိုင်ပြီလို့ဆို

  • 23 စက်တင်ဘာ 2013
ကုန်တိုက်ကြီးကို ကင်ညာ စစ်တပ်က ပြန်သိမ်းနေစဉ်
Image caption ကုန်တိုက်ကြီးကို ကင်ညာ စစ်တပ်က ပြန်သိမ်းနေစဉ်

Nairobi မြို့က စျေးရုံကြီး တဝိုက်မှာ သေနတ်သံတွေ ပေါက်ကွဲမှုတွေ ကြားနေရတယ်လို့ လုံခြုံရေး အတားအဆီးတွေ နားကနေ သတင်းထောက်တွေက ပြောပါတယ်။ ဆိုမာလီယာ နိုင်ငံက အယ်လ်ရှာဘတ် လှုပ်ရှားမှုကလို့ ယူဆရတဲ့ တိုက်ခိုက်သူပေါင်း ၁၀ယောက်ကနေ ၁၅ယောက်တို့ဟာ စျေးရုံကြီး အတွင်းမှာ ရှိနေပါသေးတယ်။ ဒါ့အပြင် ဓါးစာခံတွေနဲ့ ပုန်းအောင်းနေတဲ့အရပ်သား အချို့လည်း ပိတ်မိနေပါတယ်။

ကင်ညာ ကာကွယ်ရေးတပ်ဖွဲ့ ကေဒီအက်ဖ်က အခုအခါ ဓါးစာခံ အများစုကို ကယ်တင်နိုင်ပြီး အဆောက်အဦးရဲ့နေရာ အတော်များများကို ပြန်သိမ်းနိုင်ပြီလို့ လူမှုကွန်ယက်ကနေ ပြောပါတယ်။ တနင်္ဂနွေနေ့က သတင်းစာရှင်းပွဲမှာ အကြမ်းဖက်သမားတွေကို လုံခြုံရေးသမားတွေက နှိမ်နင်းနိုင်ဖို့ အခြေအနေ ကောင်းတယ်လို့ ကင်ညာ သမ္မတက ပြောပါတယ်။

အခုအခါသေဆုံးသူ ၆၈ယောက်ရှိသွားပြီဖြစ်ပါတယ်။ အဲဒီ သေဆုံးသူတွေထဲမှာ ဗြိတိန် ပြင်သစ် တရုတ် ကနေဒါ တောင်အာဖရိကစတဲ့ နိုင်ငံစုံကလူတွေ ပါဝင်ပါတယ်။ ဆိုမာလီယာ နိုင်ငံမှာ ကင်ညာက စစ်ဆင်ရေးတွေ ဝင်လုပ်နေတဲ့အတွက် စစ်သွေးကြွ အယ်ရှာဘတ် အုပ်စုကတုံ့ပြန် တိုက်ခုက်တာလို့ လူမှုကွန်ယက်ကတဆင့် ကြေညာပါတယ်။ ဆိုမာလီယာ နိုင်ငံတောင်ပိုင်းမှာ စစ်သွေးကြွတွေကို ကင်ညာတပ်သား ၄၀၀၀လောက်က ၂၀၁၁ခု ကတဲက သွားတိုက်နေပါတယ်။

အခင်း ဖြစ်ပွားတဲ့နေရာမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဝီလ်ရောစ်ကတော့ လူတွေစျေးရုံထဲမှာ ပိတ်မိနေလို့ စစ်တပ်က အမြန်စီးနင်း တိုက်ခိုက်ဖို့ အတော်ခက်ခဲ လိမ့်မယ်လို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ