ကင်ညာ ကုန်တိုက်စီးနင်းမှု ICC က စီရင်လို

  • 24 စက်တင်ဘာ 2013
Image caption ICC က ရက်ချိန်းပြန်ပေးထားတဲ့ ကင်ညာ ဒုသမ္မတ ရူတို

ကင်ညာနိုင်ငံက ကုန်တိုက်ကြီးမှာ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တဲ့ စစ်သွေးကြွတွေကို ဥပဒေရှေ့မှောက်မှာ တရားစီရင်ဖို့ အတွက် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး အိုင်စီစီက ရှေ့နေတွေကနေ ကင်ညာ အာဏာပိုင်တွေကို ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

ဒီလ အစောပိုင်းတုန်းကတော့ အိုင်စီစီ အဖွဲ့ဝင် အဖြစ်ကနေ ပြန်လည် နုတ်ထွက်ဖို့ ကင်ညာ ပါလီမန်က ထောက်ခံမဲပေးခဲ့ကြပါတယ်။

အကြောင်းကတော့ ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ အပြီး အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီး ကင်ညာ သမ္မတနဲ့ ဒုသမ္မ တို့ကို အိုင်စီစီကနေ တရားစွဲထားတာ ကြောင့် ဖြစ်ပါတယ်။

ကင်ညာ ဒုသမ္မတ မစ္စတာ ရူတိုကို အခုလက်ရှိ အကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့အတွက် အိုင်စီစီက ရက်ချိန်း ပြန်ပေးပြီး ကင်ညာကို ပြန်ခွင့်ပြုလိုက်ပါတယ်။