တရုတ် စစ်တပ်အရာရှိကြီးတွေ စစ်ဆေးခံရမယ်

  • 25 စက်တင်ဘာ 2013
China Military
Image caption တပ်ရင်းမှူးနဲ့အထက် အရာရှိတွေကို စစ်ဆေးမယ်

တရုတ်နိုင်ငံမှာ စစ်တပ်အရာရှိကြီးတွေဟာ ရာထူးမတက်ခင်မှာပဲ ဖြစ်ဖြစ်၊ အငြိမ်းစားယူတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ပိုင်ဆိုင်မှု စာရင်းတွေ အစစ်ဆေးခံရတော့မယ်လို့ အစိုးရပိုင် မီဒီယာမှာ ရေးသား ထုတ်ပြန် ခဲ့ပါတယ်။

တပ်ရင်းမှူးအဆင့် နဲ့ အထက် အရာရှိတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။

သူတို့ရဲ့ ဝန်ထမ်းရေးရာတွေ၊ ဌာနပိုင်နဲ့ ကိုယ်ပိုင် ကားတွေ၊ အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေနဲ့ လုပ်ပိုင်ခွင့်အာဏာ အသုံးချမှုတွေအပေါ် စစ်ဆေးခံရမယ်၊ ဒီလို လုပ်တာဟာ အဂတိလိုက်စားမှု ကင်းရှင်းရေးနဲ့ လုပ်ငန်း ကျင့်စဉ်တွေ အပေါ် စစ်ဆေးဖို့ ဖြစ်တယ်လို့ တရုတ်ဗဟို စစ်ကော်မရှင်က ပြောပါတယ်။

အဂတိလိုက်စားမှုဟာ တရုတ်နိုင်ငံက အာဏာရ ကွန်မြူနစ်ပါတီအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ တရုတ်သမ္မတလည်းဖြစ် တရုတ် ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရှီဂျင်ပင်းက ပြောထားပါတယ်။