မိုက်ကယ်ဂျက်ဆင် သေဆုံးခဲ့ရမှု AEG ကုမ္ပဏီမှာ တာဝန်ရှိတယ်လို့ဆို

  • 25 စက်တင်ဘာ 2013
Image caption ကွယ်လွန်သွားပြီ ဖြစ်တဲ့ မိုက်ကယ် ဂျင်ဆင်

မိုက်ကယ်ဂျက်ဆင် သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့ မကွယ်လွန်ခင် အချိန်တုန်းက သူ့ဖျော်ဖြေပွဲ စီစဉ်တဲ့သူတွေမှာ တာဝန်ရှိတယ်လို့ မိုက်ကယ်ဂျက်ဆင်ရဲ့ မိသားစု ရှေ့နေက အမေရိကန် တရားရုံး တခုမှာ ထွက်ဆို သွားခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင် သေဆုံးသွားရတဲ့ အခြေအနေ အထိ ဖြစ်အောင် အိပ်ဆေးတွေ အလွန်အကျွံ ထိုးပေးခဲ့တဲ့ ဆရာဝန်ကို အဲဒီ ပွဲစီစဉ်သူတွေက ငှားရမ်းပေးခဲ့တဲ့ အတွက် သူတို့မှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီတုန်းက မိုက်ကယ်ဂျက်ဆင်ရဲ့ ကျန်းမာရေး မကောင်းဘူးဆိုတာကို ပွဲစီစဉ်သူ AEG ကုမ္ပဏီက အမှုဆောင်တွေ သိတယ်လို့ ရှေ့နေက ပြောပါတယ်။

ဒါပေမယ့် ဝင်ငွေ အမြောက်အမြားရတဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲ တခုဖြစ်တဲ့ လန်ဒန်မှာ ကျင်းပမယ့် မိုက်ကယ်ဂျက်ဆင်ပွဲတွေမှာ သူကောင်းကောင်းဖျော်ဖြေနိုင်အောင် ပွဲစီစဉ်သူတွေက ဘာလိုဘဲ လုပ်ပေးရလုပ်ပေးရ ဆိုပြီး စီစဉ်ပေးခဲ့တာလို့ သူက ဆိုပါတယ်။

ဒီစွပ်စွဲချက်တွေကို AEG ကုမ္ပဏီက ငြင်းဆိုထားပါတယ်။