ဘဂ္ဂဒက် နေရာအနှံ့ ဗုံးခွဲမှု ၂၀ ကျော် သေ

  • 26 စက်တင်ဘာ 2013
Image caption အပြန်အလှန် ဗုံးခွဲမှုတွေကြောင့် လစဉ် လူထောင်ချီ သေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်က စျေးတွေနဲ့ တခြားနေရာတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၂ဝ သေဆုံးခဲ့ပါတယ်။

ဘဂ္ဂဒက် မြို့မြောက်ပိုင်း ဆင်ခြေဖုံးက စျေးတစ်ခု အနီးမှာ ဗုံးတွေ တော်တော်များများ ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးကြောင်း သိရပါတယ်။

တစ်ချိန်တည်းမှာ ဘဂ္ဂဒက်မြို့နားက ဒိုရာ ဒေသမှာလည်း ဗုံးခွဲ တိုက်ခိုက်မှု တစ်ခု ဖြစ်ခဲ့ပြီး လူ ၇ ယောက် သေဆုံးသွားပါတယ်။

ပြီးခဲ့တဲ့ ခြောက်လ အတွင်း အီရတ်နိုင်ငံမှာ ဘာသာရေး အုပ်စုကွဲတွေကြား တိုက်ခိုက်မှုတွေ တိုးလာခဲ့ပြီး အဲဒီလို တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရသူ ၄ ထောင် ကျော်သွားပြီ ဖြစ်ပါတယ်။

ဗုံးဖောက်ခွဲမှု အများအပြားကို အယ်လ်ခိုင်ဒါတွေနဲ့ ဆက်စပ်တဲ့ ဆွန်နီ စစ်သွေးကြွတွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် ရှီးယား စစ်သွေးကြွတွေဘက်က တိုက်ခိုက်မှုတွေလည်း အတော်များများ ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။