ကမ္ဘာကြီး ပူနွေးလာမှုဟာ လူတွေကြောင့်ဖြစ်

  • 27 စက်တင်ဘာ 2013
Image caption အခုရာစုနှစ်အကုန်မှာ ပင်လယ်ရေပြင် ၈၂ စင်တီမီတာ မြင့်တက်နိုင်

ကမ္ဘာကြီး ပူနွေးလာမှုရဲ့ အဓိက အကြောင်းရင်း ဟာ လူတွေကြောင့် ဖြစ်ရတယ် ဆိုတာကို ကုလသမဂ္ဂက သိပ္ပံပညာရှင်တွေက မိမိတို့ အနေနဲ့ ပိုမို ယုံကြည်လာကြကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

၁၉၅၀ ခုနှစ်က စတင် မြင့်တက်လာတဲ့ ကမ္ဘာ့ အပူချိန်ဟာ ထောင်စုနှစ် အကျော်မှာ စံချိန်တင် မြင့်တက်လာခဲ့ပြီး အဲဒီလို ဖြစ်ရတာဟာလည်း လူတွေကြောင့် ဖြစ်တယ်ဆိုတာ ၉၅ ရာခိုင်နှုန်း သေချာကြောင်း ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ အစိုးရချင်း ဆက်သွယ် ဆောင်ရွက်တဲ့အဖွဲ့ ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်ဟာ အခုရာစုနှစ် အကုန်မှာ ၈၂ စင်တီမီတာ လောက်အထိ မြင့်တက်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ဖန်လုံအိမ် ဓာတ်ငွေ့တွေဟာ နှစ်ပေါင်း ၈ သိန်းလောက်အတွင်း မကြုံဖူးခဲ့တဲ့ ပမာဏအထိ တိုးပွားလာတာကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို ရှောင်လွှဲလို့ မရခဲ့တာဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်းမှာသာ ဖန်လုံအိမ်ဓာတ်ငွေ့ တိုးပွားမှုကို ထိန်းချုပ် လာနိုင်တာဖြစ်လို့ ကာလရှည် တိုးပွားလာခဲ့မှုနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ဘူးလို့ ဆိုပါတယ်။