ဆီးရီးယား ဓာတုလက်နက်တွေကို စစ်ဆေးတော့မယ်

  • 27 စက်တင်ဘာ 2013
Image caption သြဂုတ် ၂၁ ရက်နေ့က စစ်ဆေးမှုမှာ ဆာရင်းအဆိပ် သုံးကြောင်း တွေ့ရှိခဲ့

ကမ္ဘာ့ ဓာတုလက်နက်စောင့်ကြည့်ရေး အဖွဲ့က ကျွမ်းကျင်သူတွေဟာ ဆီးရီးယား နိုင်ငံက ဓာတုလက်နက်တွေကို ရှေ့လာမယ့် အင်္ဂါနေ့မှာ စတင် စစ်ဆေးနိုင်ဖို့ အခြေအနေရှိပါတယ်။

အင်္ဂါနေ့မှာ အလုပ်တွေ စတင်နိုင်ဖို့ အဆိုပြုချက် မူကြမ်းကို ဓာတုလက်နက် စောင့်ကြည့်ရေးအဖွဲ့ဟာ ဒီကနေ့ နှောင်းပိုင်းမှာ မဲပေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒီကနေ့မှာ နောက်ထပ် အဓိက ကျတဲ့ ကိစ္စတစ်ခု ကတော့ ဆီးရီးယားက ဓာတုလက်နက်တွေ ဖျက်သိမ်းရေး ဆိုတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မဲပေးဆုံးဖြတ်မယ့် ကိစ္စဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက် မူကြမ်းကို အမေရိကန်နဲ့ ရုရှားတို့အကြား သဘောတူထား ပြီးဖြစ်ပါတယ်။

ဆီးရီးယားမှာတော့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ နေရာ ၇ ခုကို ကုလသမဂ လက်နက်ကျွမ်းကျင်သူတွေကနေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေရာမှာ ပြီးခါနီးပြီလို့ ပြောပါတယ်။