နိုက်ဂျီးရီးယား ကောလိပ် သေနတ် သမား ဝင်ပစ်ခတ်

  • 29 စက်တင်ဘာ 2013
Nigeria
Image caption ပစ်ခတ်မှုကြောင့် ကျောင်းသား ၅၀ သေဆုံးခဲ့

နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းက စိုက်ပျိုးရေး ကောလိပ်တခုရဲ့အဆောင် မှာ အိပ်မောကျနေတဲ့ ကျောင်းသားတွေကို ဘိုခို ဟာရမ် အစ္စလာမ်တွေလို့ ယူဆရတဲ့ အုပ်စု တစုက ဝင်ရောက် တိုက်ခိုက် ခဲ့ပါတယ်။

လူပေါင်း ၅၀ သေဆုံးခဲ့တယ်လို့ ဒေသခံနိုင်ငံရေး သမား တယောက်က ဘီဘီစီကို ပြောပြီး သေဆုံးသူတွေရဲ့ အလောင်းတွေကို ကားနှစ်စီးနဲ့တင်ပြီး ပြည်နယ်မြို့တော် ဒမား တူးရု က ဆေးရုံကို သယ်ဆောင် သွားတယ်လို့လည်း သူက ဆိုပါတယ်။

လက်နက်ကိုင် သေနတ်သမားတွေဟာ ညနက် သန်းခေါင်အချိန်မှာ ကျောင်းသားတွေ စုအိပ်နေကြတဲ့ အိပ်ခန်းကျယ်ထဲကို ဝင်ပြီး အားလုံးကို သေနတ်နဲ့ မွှေ့ယမ်း ပစ်ခတ်သွားတာ ဖြစ်ပါတယ်။

ဘိုခိုဟာရမ် အဖွဲ့ဟာ နိုက်ဂျီးရီးယားမှာ ၂၀၀၉ ခုနစ်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ်သမ္မတ နိုင်ငံ ထူထောင်ရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။