ဒုက္ခသည်တွေ တိုးလာလို့ အကူအညီတွေ မလောက်င

  • 30 စက်တင်ဘာ 2013
Image caption တူရကီဘက်က ဆီးရီးယား ဒုက္ခသည်စခန်းတစ်ခု

ဆီးရီးယား နိုင်ငံကနေ ထွက်ပြေး လာနေကြတဲ့ ဒုက္ခသည် ပမာဏဟာ အရှိန်အဟုန်နဲ့ တိုးလာ နေတဲ့ အတွက် နိုင်ငံတကာက ပေးနေတဲ့ ကယ်ဆယ်ရေး အကူအညီတွေ မလိုက်နိုင် ဖြစ်လာနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီရဲ့ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။

ဒီအခက်အခဲ တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ အလှူရှင် နိုင်ငံတွေနဲ့ ဒေသတွင်းက နိုင်ငံခြားရေး ဝန်ကြီးတွေ ဂျနီဗာ မြို့မှာ ငွေကြေး အကူအညီ ပိုရနိုင်ဖို့အတွက် တွေ့ဆုံ ဆွေးနွေးမှုတွေ မစခင်မှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး သူက လက်ဘနွန်၊ ဂျော်ဒန်၊ တူရကီနဲ့ အီရတ် နိုင်ငံတွေဟာ ဆီးရီးယား ဘက်ကပြေးလာ ကြတဲ့ ဒုက္ခသည် အများအပြားကို လက်ခံထားရတာ ဖြစ်ပြီး အခက်အခဲ တွေလည်း ရှိနေကြတယ်လို့ ပြောပါတယ်။

ဒီ ဒုက္ခသည် ပြဿနာဟာ အိမ်နီးချင်း နိုင်ငံတွေအတွက် ကြီးမားလွန်းလှတယ် လို့လည်း မစ္စတာ ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။