ဘင်္ဂလားဒေ့ရှ် ထိပ်တန်းခေါင်းဆောင် သေဒဏ်ကျ

  • 1 အောက်တိုဘာ 2013
Image caption မစ္စတာ ချောင်ဒရီဟာ သေဒဏ်ချခံရတဲ့ ထိပ်တန်းအကျဆုံး အစိုးရခေါင်းဆောင်ဖြစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အတိုက်အခံ ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဆာလောဒင် ခါဒါ ချောင်ဒရီ ကို ၁၉၇၁ ခုနှစ်က ဘင်္ဂလား လွတ်လပ်ရေးစစ်ပွဲအတွင်း စစ်ရာဇတ်မှု ကျူးလွန်မှုတွေနဲ့ အထူးခုံရုံး ကနေ အပြစ်ရှိ ကြောင်း စီရင်ချက်ချပြီး သေဒဏ် အမိန့်ချ မှတ်လိုက်ပါတယ်။

ခေျာင်ဒရီကို လူမျိုးတုန်းသတ်ဖြတ်မှု မတရားဖမ်းဆီး ပြန်ပေးဆွဲမှု အပါအဝင် လူသတ်မှုတွေနဲ့ အပြစ်ရှိတဲ့အတွက် တရားရုံးက အခုလို စီရင်လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ချောင်ဒရီးဟာ အတိုက်အခံ အမျိုးသား ရေးပါတီမှာ ထိပ်တန်း အကျဆုံး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပါလီမန် အမတ်တစ်ဦးလည်းဖြစ်ပါတယ်။

ဒီအထူးတရားရုံးကနေ ပါလီမန်အမတ်တစ်ဦးကို စီရင်ချက်ချက်တာဟာ ဘင်္ဂလားဒေ့ရှ်မှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

မစ္စတာ ခေျာင်ဒရီဟာ အယူခံဝင်မှာ ဖြစ်တယ်လို့ သူ့ဇနီး ဖြစ်သူက ပြောပါတယ်။