ဘာလူစကိုနီရဲ့ ကြိုးပမ်းချက် ပျက်ပြားမယ့်ပုံရှိ

  • 2 အောက်တိုဘာ 2013
Image caption ၀န်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလစ်ကိုနီ

အီတလီမှာ အစိုးရ အဖွဲ့ ပြိုကွဲသွားအောင် ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီရဲ့ ကြိုးပမ်းချက် ပျက်ပြားသွားမယ့် အရိပ် လက္ခဏာတွေ တွေ့မြင် နေရပါတယ်။

ညွန့်ပေါင်း အစိုးရ အဖွဲ့ကို အယုံအကြည်မရှိ အဆိုကို မဲခွဲဆုံးဖြတ်ဖို့ တရက် အလိုမှာ အခြေအနေတွေ အခုလို ဖြစ်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေ တနင်္ဂနွေတုန်းက သူ့ရဲ့ ဗဟိုလက်ယာယိမ်း ပီဒီအယ်လ် ပါတီက ဝန်ကြီးတွေကို အစိုးရ အဖွဲ့ထဲက နုတ်ထွက်ဖို့ သူက အမိန့်ပေးခဲ့တာကို သူ့ပါတီရဲ့ ထိပ်ပိုင်း အဖွဲ့ဝင်တွေက သဘောမကျကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။

သူတို့ ပါတီ အနေနဲ့ ညွန့်ပေါင်း အစိုးရ ဝန်ကြီးချုပ် အန်နရီကို လက်တာကို ဆက်လက် ထောက်ခံ သွားသင့်တယ် လို့ ယုံကြည်ကြောင်း ပါတီရဲ့ ဒုတိယ အကြီးအကဲ အန်ဂျဲလီနို အယ်ဖာနိုက ပြောပြီး တခြားသူတွေကလည်း အလားတူ လုပ်ဆောင်လိမ့်မယ် ဆိုတဲ့ ခန့်မှန်း ပြောဆိုချက်တွေ ထွက်နေပါတယ်။

လက်ရှိ အခြေအနေမှာ ပီဒီအယ်လ် ပါတီက ဝန်ကြီး ငါးယောက်ရဲ့ နုတ်ထွက်လွှာ တင်ထားတာကို မစ္စတာ လက်တာက လက်မခံဘဲ ပယ်ချထားတာ ဖြစ်ပါတယ်။