ဓာတုလက်နက် ဖျက်သိမ်းရေးအဖွဲ့ ရောက်ရှိပြီ

  • 1 အောက်တိုဘာ 2013
Image caption စစ်ပွဲတွေကြားမှာ ဓာတုလက်နက် ဖျက်သိမ်းရေး ဆောင်ရွက်ရမယ်

ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တွေကို ဖျက်သိမ်းရေး လုပ်ငန်းတွေ စတင်ဖို့ အတွက် နိုင်ငံတကာ ဓာတုလက်နက်ဖျက်သိမ်းရေး ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့ဟာ ဆီးရီးယား နိုင်ငံကို ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။

ဒီလုပ်ငန်းအဖွဲ့ဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထောက်ခံအတည်ပြုထားတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားအကြား သဘောတူညီထားမှုကို တစိတ်တပိုင်း အကောင်အထည်ဖေါ် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ဆီးရီးယား အစိုးရကလည်း ဒီလုပ်ငန်းစဉ်ကို ပူပေါင်းဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ဓာတုလက်နက် တားဆီးရေး အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒီ စုံစမ်းစစ်ဆေးသူတွေဟာ ခက်ခဲရှုပ်ထွေးတဲ့ တာဝန်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဆီးရီးယားမှာက စစ်ပွဲတွေ ဖြစ်နေပြီး အခုလို စစ်ပွဲတွေကြားမှာ ဓာတုလက်နက်တွေကို ဖျက်ဆီးဖို့အတွက် တာဝန်ပေးခြင်း ခံရတာဟာ သူတို့တွေအတွက် ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။