ဂရိ အမတ် ၃ ဦးကို အာမခံနဲ့ လွှတ်ပေး

  • 2 အောက်တိုဘာ 2013
Image caption Golden Dawn ပါတီခေါင်းဆောင် Nikos Michaloliakos

ဂရိနိုင်ငံမှာ လူမျိုးရေးနဲ့ ဆိုင်တဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတဲ့ လွှတ်တော်အမတ်တွေထဲက ၃ ဦးကို အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။ နာဇီ လက်သစ် ပါတီအဖြစ် သိကြတဲ့ Golden Dawn ပါတီကို ထောက်ခံသူတစ်ဦးက ဖက်ဆစ် ဆန့်ကျင်ရေး လှုံဆော်တဲ့ ဂီတသမား ၁ ဦးကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဒီပါတီက အမတ်တွေကို စနေနေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဂရိလူထု အများအပြားက ဒေါသတကြီး ဖြစ်ခဲ့ကြပါတယ်။

ဒီအမတ် ၃ ဦးကို ဆက်လက် ထိန်းသိမ်းထားဖို့အတွက် လုံလောက်တဲ့ အထောက်အထားမရှိဘူးလို့ တရားစွဲ ရှေ့နေတွေက ပြောပါတယ်။

နောက်ထပ် အမတ် ၁ ဦးကိုတော့ ရမန်နဲ့ အချုပ်ခန်းထဲမှာ ဆက်လက် ထိန်းသိမ်းထားဆဲလို့ ဆိုပါတယ်။

Golden Dawn ပါတီခေါင်းဆောင် Nikos Michaloliakos ဟာလည်း လူသတ်မှု၊ စော်ကားမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ စွပ်စွဲခံထားရပြီး ဒီနေ့ တရားရုံးထုတ်ဖို့ ရှိပါတယ်။