အီတလီမှာ ယုံကြည်မှု ရှိမရှိ မဲခွဲတော့မယ်

  • 2 အောက်တိုဘာ 2013
Image caption လက်ရှိ ညွန့်ပေါင်းအစိုးရရဲ့ ဝန်ကြီးချုပ် အန်ရစ်ကို လက်တာ

အီတလီ နိုင်ငံမှာ အစိုးရကို အယုံအကြည် ရှိ မရှိ အဆိုကို လွှတ်တော်တွင်းမှာ မဲခွဲ ဆုံးဖြတ် တော့မှာ ဖြစ်ပြီး လက်ရှိ ညွန့်ပေါင်းအစိုးရရဲ့ ဝန်ကြီးချုပ် Enrico Letta ကတော့ အနိုင်ရဖို့ ကြိုးပမ်း စည်းရုံးနေပါတယ်။ သူ့အစိုးရ ပြိုကွဲရင် နိုင်ငံ့စီးပွားရေး အခက်ကြုံနိုင်တယ်လို့ အမတ်တွေကို သတိပေးလိုက်ပါတယ်။

အရင် ဝန်ကြီးချုပ်ဟောင်း ဆီဗီယို ဘာလူစကိုနီရဲ့ ဗဟို လက်ယာယိမ်း PDL ပါတီကို ညွန့်ပေါင်းအစိုးရထဲက ထွက်ဖို့ လုပ်ခဲ့ပြီးနောက် ဒီလို အယုံအကြည်မရှိ အဆို မဲခွဲဖို့ ဖြစ်လာတာပါ။

ဒါပေမယ့် အခုတော့ ညွန့်ပေါင်းအစိုးရကို ဖြုတ်ချဖို့ အစီအစဉ်ကို မစ္စတာ ဗာလူစကိုနီက ပြန်ရုပ်သိမ်းလိုက်ပြီလို့ ဆိုပါတယ်။ အစိုးရကို အယုံအကြည် ရှိကြောင်း မဲပေးတော့မယ် ဆိုပြီး သူက ရောမမြို့က အထက်လွှတ်တော်မှာ ပြောပါတယ်။

အရင်ကတော့ သူ့ပါတီဝင် အမတ်တွေကို အယုံအကြည် မရှိကြောင်း ပြောဖို့ သူက အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။ မစ္စတာ ဗာလူစကိုနီ ပါတီတွင်းမှာလည်း သူ့ကို ဆန့်ကျင်တဲ့ သူတွေ ရှိနေပါတယ်။