အိန္ဒိယ အမတ် ထောင် ၅ နှစ်ကျ

  • 3 အောက်တိုဘာ 2013
Image caption နိုင်ငံ့ ဘဏ္ဍာငွေ အလွဲသုံးစားလုပ်သူ ဝန်ကြီးဟောင်း ယာဒက်

အိန္ဒိယနိုင်ငံမှာ အထင်ကရ နိုင်ငံရေး သမားတစ်ဦးကို အဂတိ လိုက်စားမှုတွေနဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ပါတယ်။

အရင် မီးရထား ဝန်ကြီးဟောင်း ဖြစ်ခဲ့သူ လာလူ ပရာဆတ် ယာဒက် ဟာ ၁၉၉၀ ခုနှစ်တွေအတွင်း ဘီဟာ ပြည်နယ် ဝန်ကြီးချုပ် တာဝန်ယူစဉ်က ကျွဲနွား အစာအတွက် ရည်ရွယ်တဲ့ နိုင်ငံ့ ဘဏ္ဍာငွေတွေကို အလွဲသုံးစား လုပ်ခဲ့တယ်ဆိုပြီး အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အခုတော့ သူဟာ အိန္ဒိယ ပါလီမန် အမတ် နေရာကိုပါ စွန့်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။