ခိုလှုံသူတွေရဲ့သင်္ဘော အီတလီမှာ နစ်မြုပ်

  • 3 အောက်တိုဘာ 2013
Image caption ပျောက်ဆုံးနေသူ ၂၀၀ လောက်ကို ဆက်လက်ရှာဖွေ

အာဖရိကမြောက်ပိုင်း ဒေသကနေ အီတလီ နိုင်ငံကို ပင်လယ် လမ်းကြောင်းကနေ ဝင်ရောက်လာသူတွေရဲ့ သင်္ဘောဟာ အီတလီ လန်ပီဒူစာ ကျွန်းအနီး ကမ်းလွန် တစ်နေရာမှာ မီးလောင် နစ်မြုပ်သွားတဲ့အတွက် သေဆုံးသွား ခဲ့သူ လူပေါင်း ၉၀ ကျော်ရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့တယ်လို့ အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။

ပျောက်ဆုံးနေသူ အရေအတွက်က ၂၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေထဲမှာ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ပါဝင်တယ်လို့ သိရပါတယ်။

အီတလီ ဝန်ကြီးချုပ်ကတော့ အခုဖြစ်ရပ်ဟာ ကြေကွယ်ဖွယ် ဖြစ်ရပ်ဆိုးကြီး တစ်ခုဖြစ်တယ်လို့ ညွှန်းဆိုလိုက်ပါတယ်။

လူပေါင်း ၁၅၀ ကျော်ကိုတော့ ပင်လယ်ထဲကနေ ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေမှုတွေကို ဆက်လက် လုပ်ဆောင်နေ တယ်လို့ အီတလီ အရာရှိတွေက ပြောပါတယ်။

သင်္ဘောနှစ်မြုပ်တဲ့အချိန်မှာ မီးလေးထွန်းပြီ အကူအညီ တောင်းခံခဲ့တဲ့ အကြောင်းကို အသက်ရှင် ကျန်ရစ်သူတွေက ပြန်ပြောပြတဲ့အခါ လန်ပီဒူစာ မြို့တော်ဝန်က မျက်ရည်ကျခဲ့ပါတယ်။

လန်ပီဒူဇာ ကျွန်းဟာ တူရကီနဲ့ စစ္စလီ ကျွန်းကြားမှာ တည်ရှိပြီး ဥရောပ နိုင်ငံတွေကို လှေစီး ဝင်ရောက်တဲ့ အဓိက လမ်းကြောင်းကြီး ဖြစ်လာနေပါတယ်။