၂၀၂၂ ကမ္ဘာ့ဖလား ဖီဖာ ကော်မရှင်ဆွေးနွေး

  • 4 အောက်တိုဘာ 2013
Image caption ရှေ့နှစ်ကုန်ပိုင်းကျမှ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ဘလက်တာဆို

၂၀၂၂ ခုနှစ် ကာတာ နိုင်ငံမှာ ကစားမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို နွေရာသီအချိန် ကျင်းပတဲ့အခါ ရာသီဥတု အလွန်ပူတာကြောင့် ဆောင်းရာသီမှာ ပြောင်းလဲကျင်းပဖို့ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးအဖွဲ့ချုပ်မှာ ဒီကနေ့ ကော်မရှင် တစ်ခု ဖွဲ့စည်းပြီး ဆွေးနွေးမယ်လို့ သိရပါတယ်။

အဲဒီကော်မရှင်က ဘောလုံး တာဝန်ရှိသူတွေ၊ ကျန်းမာရေး ကျွမ်းကျင်သူတွေ၊ စပွန်ဆာ ပေးသူတွေ အပါအဝင် ရုပ်သံနဲ့ အသံလွှင်ဌာနတွေနဲ့ ဆွေးနွေး ညှိနှိုင်း တိုင်ပင်မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဖီဖာရဲ့ အမှုဆောင် ကော်မတီကို အစီရင်ခံရမှာ ဖြစ်ပါတယ်။

ဖီဖာ ဥက္ကဋ္ဌ ဆက်ဘလက်တာရဲ အဆိုအရ အခုလို ပြောင်းလဲ ကျင်းပဖို့ ကိစ္စကို ရှေ့နှစ် ဘရာဇီးမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားပွဲပြီး နောက်ပိုင်းကျမှ ဆုံးဖြတ်ချက် ချနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို ဆောင်းရာသီကို ပြောင်းလဲ ကျင်းပခဲ့ရင် ပြည်တွင်း အားကစားပြိုင်ပွဲတွေကို ထိခိုက်စေမလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။