သင်္ဘောမြုပ်မှု အလောင်းတွေ ရှာဖို့ ခက်ခဲ

  • 4 အောက်တိုဘာ 2013
Image caption အသက်ရှင် ကျန်ရစ်သူ ထပ်မံရှာတွေ့ဖို့ အလားအလာမရှိ

အီတလီနိုင်ငံ လမ်ပီဒူဇာကျွန်း ကမ်းလွန်မှာ ရာသီဥတု ကြမ်းနေတဲ့အတွက် မနေ့က ရွှေ့ပြောင်းဝင်ရောက် လာသူတွေရဲ့ သင်္ဘော နစ်မြုပ်မှုမှာ သေဆုံးသွားခဲ့သူတွေရဲ့ အလောင်း တွေကို ရှာဖွေဖို့ အဟန့်အတားတွေ ဖြစ်နေရ ပါတယ်။

ရွှေ့ပြောင်း ဝင်ရောက်လာသူတွေရဲ့ သင်္ဘော နစ်မြုပ် ခဲ့တဲ့ အခု ဒီဖြစ်ရပ်ဟာ အီတလီမှာ အဆိုးဝါးဆုံး ဖြစ်ရပ် ဖြစ်ပါတယ်။

ရေငုပ်ရှာဖွေနေသူတွေက ပြောရာမှာ ထိတ်လန့်ဖွယ် မြင်ကွင်းတွေကို မြင်တွေ့ကြရကြောင်း၊ အလောင်းတွေဟာ သင်္ဘော အပျက်အစီးတွေ ကြားမှာ အများကြီး ညပ်ပိတ်နေပြီး တချို့အလောင်းတွေဆိုရင် သင်္ဘော ကိုယ်ထည်ကို တွယ်ဖက် သေဆုံးနေကြတာ ဖြစ်ကြောင်း ပြောပါတယ်။

အသက်ရှင် ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ အလားအလာ မရှိတော့ဘူး ဆိုပြီး အီတလီ အရာရှိတွေက လက်လျော့လိုက်ပြီ ဖြစ်ပါတယ်။

အခုအချိန်အထိ အလောင်း ၁ ရာကျော်ကို ပြန်တွေ့ခဲ့ပြီ ဖြစ်ပေမယ့် သေဆုံးသူဟာ ဒီထက် ၂ ဆ ကျော် ရှိနိုင်တယ်လို့ ဆိုပါတယ်။