သြစတြေးလျရေတပ် ဆစ်ဒနီရောက် နှစ်တရာပြည့်

  • 5 အောက်တိုဘာ 2013
Image caption အမေရိကန် တရုတ် ဗြိတိန် ဂျပန် အပါ အဝင် ကမ္ဘာ့ နိုင်ငံတွေက စစ် သင်္ဘောတွေ ပါဝင် ဆင်နွှဲခဲ့

သြစတြေးလျ ရေတပ် တည်ထောင် ပြီးနောက် ရေတပ် စစ်သင်္ဘော ဆစ်ဒနီ ဆိပ်ကမ်းကို ပထမဆုံး ဝင်ရောက် ခဲ့တဲ့ နှစ်တရာ ပြည့် အခမ်း အနားကို ကျင်းပ နေရာ ကမ္ဘာ့ နိုင်ငံ ၁၇ နိုင်ငံ က စစ် သင်္ဘော အစီး ၄၀ ကနေ ဆစ်ဒနီ ကမ်းခြေကို လာရောက် ဂုဏ်ပြု ခဲ့ကြ ပါတယ်။

အမေရိကန် တရုတ် ဗြိတိန် ဂျပန် အပါ အဝင် ကမ္ဘာ့ နိုင်ငံတွေက စစ် သင်္ဘောတွေ ဒီပွဲမှာ ပါဝင် ဆင်နွှဲ ခဲ့ကြ ပါတယ်။

ဗြိတိန်သျှ စတုတ္ထ အိမ်ရှေ့စံ တော်ဝင် မင်းသား ဟယ်ရီ ဟာ ဒီ သင်္ဘာတွေကို ကြည့်ရှု စစ်ဆေးချိန် မှာတော့ ထောင် သောင်း ချီတဲ့ လူတွေဟာ ဆစ်ဒနီ ဆိပ်ကမ်း တလျှောက် တန်းစီပြီး အားပေး ခဲ့ကြ ပါတယ်။

၁၉၁၃ ခုနှစ်က သြစတြေးလျ ရေတပ် ဆစ်ဒနီကို မရောက်ခင် အချိန်တုန်း ကတော့ ဗြိတိသျှ ရေတပ် ကနေ သြစတြေးလျ ပင်လယ်ပြင်ကို ကာကွယ်ပေး ခဲ့တာ ဖြစ်ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ