အီဂျစ်က ချီတက် ဆန္ဒပြပွဲမှာ လူအယောက် လေးဆယ်ကျော် သေဆုံး

  • 7 အောက်တိုဘာ 2013
လုံခြုံရေး တပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ ခံခဲ့ရသူတွေ တန်းစီ

အီဂျစ် နိုင်ငံမှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ အစ္စလာမ် ဝါဒီ သမ္မတ မိုဟာမက် မော်စီကို ထောက်ခံသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ပြီး လူတွေ ရာနဲ့ချီ ဒဏ်ရာရကာ လူအယောက် လေးဆယ်ကျော် သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

ကိုင်ရိုမြို့လယ်က တာရီရာ ရင်ပြင်မှာ သမ္မတဟောင်းမော်စီကို ထောက်ခံတဲ့ ၊ ဒေါသထွက်နေတဲ့ လူတွေ လာရောက်စုဝေးဖို့ ကြိုးစားခဲ့ကြသလို ၊ စစ်တပ်ကို ထောက်ခံတဲ့ ရာထောင်ချီသူတွေ ကလည်း ၁၉၇၃ ခုနှစ်က ဖြစ်ခဲ့တဲ့ အီဂျစ် အစ္စရေး နှစ်လေးဆယ် အထိမ်းအမှတ် အဲဒီမှာ စုရုံးခဲ့ကြတာ ပါတယ်။

သူတို့အားလုံးဟာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ဖြိုခွဲမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မြို့နေရာ တော်တော်များများ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီး သေနတ်သံတွေ ကြားရသလို မျက်ရည်ယိုဗုံးတွေလည်း သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတလွှား တခြားမြို့တော်တော်များများမှာလည်း အစ္စလာမ် ဝါဒီတွေရဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နင်းခံခဲ့ရပါတယ်။