အီတလီ သင်္ဘောမှောက်သေဆုံးသူတွေ ထပ်တွေ့

  • 6 အောက်တိုဘာ 2013
Image caption ရေငုတ်သမားတွေနဲ့ အလောင်းတွေရှာဖွေ

အီတလီနိုင်ငံ လန်ပီဒူဆာကျွန်းမှာ ကြာသပတေးနေ့က သင်္ဘောမှောက်ခဲ့ပြီးနောက် သေဆုံးသူတွေရဲ့ အလောင်း တွေကို ရေငုတ်သမားတွေနဲ့ လိုက်လံ ရှာဖွေနေရာမှာ နောက်ထပ် အလောင်းတွေကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အာဖရိကကနေ ခိုးဝင်ရွှေ့ပြောင်းလာသူတွေဟာ အခု သင်္ဘော နစ်မြုပ်မှု ကြောင့် သေဆုံးခဲ့ကြရာမှာ သေဆုံးသူ အရေအတွက် ၃၀၀ ကျော်ရှိမယ်လို့ ခန့်မှန်း နေကြပါတယ်။

ပထမနေ့မှာပဲ အလောင်း ၁၀ လောင်းကို ရှာဖွေတွေ့ရှိပြီး ရေမျက်နှာပြင်ပေါ် ဆယ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သင်္ဘောအပျက်အစီးဟာ ရေအောက်အလွန်နက်တဲ့ နေရာမှာရှိတဲ့ အတွက် ရေငုပ်သမားတွေဟာလည်း ကြာရှည် မငုတ်နိုင်ကြပါဘူး။

နောက်ထပ် အလောင်းပေါင်းများစွာဟာ နစ်မြှုပ်နေတဲ့ သင်္ဘောပျက်ထဲမှာ ရှိနေဦးမယ်လို့ ယူဆရပါတယ်။

ဥရောပကော်မရှင်အကြီးအကဲ ဂျိုဆေး မန်နျူရယ်လ် ဘာရိုဆိုလည်း သင်္ဘောနစ်မြုပ်ရာ နေရာကို ဗုဒ္ဓဟူးနေ့မှာ လာရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။