Airbus လေယာဉ် ၃၁ စင်း ဂျပန် ဝယ်ယူ

  • 7 အောက်တိုဘာ 2013
Image caption ဘိုးရင်း လွှမ်းမိုးတဲ့ စျေးကွက်ကို Airbus က ကြီးကြီးမားမား ထိုးဖောက်လိုက်နိုင်တာဖြစ်

Airbus ကုမ္ပဏီက ဂျပန် လေကြောင်းလိုင်းကို လေယာဉ် ၃၁ စင်း ရောင်းချဖို့ စာချုပ် ချုပ် လိုက်ပြီလို့ သိရပါတယ်။

Airbus အနေနဲ့ ဒီလို စာချုပ် ချုပ်လိုက်နိုင်တာဟာ အစဉ်အလာ ပြိုင်ဘက် အမေရိကန်က Boeing ဘိုးရင်း လွှမ်းမိုးထားတဲ့ လေယာဉ် အရောင်းစျေးကွက် ကို ကြီးကြီးမားမား ထိုးဖောက် လိုက်နိုင်ခြင်းလည်း ဖြစ်ပါတယ်။

A 350 အမျိုးအစား လေယာဉ်တွေကို ဂျပန်လေကြောင်းလိုင်းကို ရောင်းချဖို့ ဖြစ်ပြီး တန်ဖိုးကတော့ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၉ ထောင် ရှိတယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ စီးပွားရေးအရ ဗျူဟာမြောက် ဆက်ဆံရေးတွေ ရှိတဲ့ ဂျပန်ဟာ အရင် ဆယ်စုနှစ်ပေါင်းများစွာ Boeing ဘိုးရင်း ကုမ္ပဏီဆီကသာ လေယာဉ်တွေ ဝယ်ယူနေခဲ့တာ ဖြစ်ပါတယ်။

ဘိုးရင်းရဲ့ Boeing 787 Dreamliner မှာ ပြဿနာတွေ ရှိနေလို့ အခုလို Airbus ဆီက ပြောင်းပြီး ဝယ်ယူခဲ့တာ မဟုတ်ဘူးလို့ ဂျပန် လေကြောင်း လိုင်းကတော့ ငြင်းဆို ထားပါတယ်။